နေပြည်တော် ဧပြီ ၂
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံ၍လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိ
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုများနှင့်ပတ်သက်၍ လိုအပ်သူများထံ အကူအညီများ အမှန်တကယ်ရောက်ရှိရေးကို များစွာအလေးထားကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အစီအစဉ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်