နေပြည်တော် မတ် ၂၇
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် နှိုးဆော်သည့်အနေဖြင့် “နှစ်သစ်မင်္ဂလာမဟာသင်္ကြန်” တေးဂီတဖျော်ဖြေပွဲကို မတ် ၂၉ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော် အနုပညာရှင်များဖြစ်ကြသည့် ထပ်ဆင့်အကယ်ဒမီ ရဲအောင်၊ ရဲထိုက်၊ ဈာန်ထူး၊ စောဒယ်နီရယ်၊ တေဇာဝင်း၊ ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ သဲနုဝါ၊ စိမ့်နေခြည်၊ သီရိအောင်နှင့် ခင်လပြည့်ဝန်းတို့က အတာသင်္ကြန်တေးသီချင်းများကို သင်္ကြန်အကအလှများနှင့်တွဲဖက်၍ သီဆိုဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို မတ် ၃၁ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်