Skip to main content

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှQuarantine Center များအတွက်လိုအပ် သောCovid-19 ရောဂါကာကွယ်ရေးသုံး ပစ္စည်းများထောက်ပံ့

တောင်ကြီး       စက်တင်ဘာ      

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ(၄)ရက်ညနေ(၄)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်၌ဖွင့်လှစ်ထားသော Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Center များတွင် လိုအပ်သောCovid-19ရောဂါကာကွယ် ရေးသုံးကစ္စည်းများဖြစ်သည့်Mask (၁၀၀၀)ခု၊ Apron(၄၀)ခု၊လက်အိတ် (၁၀၀)စုံ၊ Hand gel(၂၀)ဘူး၊ ငွေကျပ်(၅၀၀၀၀) တန်ဖိုးရှိခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့်ငွေကျပ် (၅)သိန်းတို့ကို သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံး ကျေးရွာတွင် ဖွင့်လှစ်ထားသော Covid-19ရောဂါကာကွယ်တားဆီးရေးစစ် ဆေးရေးဂိတ်တွင် mask (၅၀၀၀) ခု၊ လက်အိတ် (၁၀)ဗူး၊ Face Shield (၂၀) ခု၊ Cap၅၀၀ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း(၁၀)စုံ၊ mobile Toilet(၂)ခု၊ တဲ(၂)ခု၊ ခေါက်ကုတင်(၁၀) ခု၊ ငွေကျပ်(၅၀၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက် ၊ကြက်ဥ၊ ရေသန့်၊ ငွေကျပ် (၁၀)သိန်း တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ရာ တာဝန် ရှိသူများကလက်ခံရယူ​ကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် တောင်လေးလုံး အမာခံစစ်ဆေးရေး ဂိတ်တည်ဆောက်မည့် နေရာအား ကြည့်ရှုရာ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်Covid-19ကာကွယ်၊ ထိန်းချုပ်ရေးအတွက်ဖွင့်လှစ်ထားသော မြို့ဝင်၊ မြို့ထွက်ဂိတ်များ အတွက် ကလော မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရွာငံမြို့နယ် တို့ကိုငွေကျပ်(၁၀)သိန်းစီနှင့်ကျပ် (၅၀၀၀၀)တန်ဖိုးရှိခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ mask (၅၀၀၀)ခု၊ လက်အိတ် (၁၀)ဗူး၊ Face Shield (၂၀)ခု၊ Cap (၅၀၀)ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ mobile Toilet (၂)ခု၊ တဲ(၂)ခု၊ ခေါက်ကုတင်(၁၀)ခုအသီးသီးတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)