စစ်တွေ စက်တင်ဘာ ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးအတွက် ပြည်နယ်အတွင်း မြို့နယ်များရှိ Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံတန်ဖိုးရှိ ဆန် ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိလာရသောကြောင့် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ဆောင် ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ် များအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်မှ မြို့နယ်အားလုံးကို Stay at Home သတ်မှတ်ထားပြီးဖြစ်သဖြင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံ အသုံးပြု ကာ ပြည်နယ်အတွင်း မြို့နယ်များရှိ အခြေခံ အိမ်ထောင်စု ၃၀၃၀၆၃ စုအတွက် စားသောက်ရေး အထောက်အကူ ဖြစ်စေရန် အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်နှုန်း ဝယ်ယူရန်ငွေများကို ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ထိုသို့ ထောက်ပံ့ရာတွင် စစ်တွေမြို့ရှိ အခြေခံအိမ်ထောင်စုများအတွက် ဆန်ထောက်ပံ့ခြင်း၊ အခြား မြို့နယ် များမှ အခြေခံအိမ်ထောင်စုများအတွက် ဆန်ဝယ်ယူရန် ငွေသား ထောက်ပံ့ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် စစ်တွေမြို့နယ်အတွင်း Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူအိမ်ထောင်စု ၂၉၉၀၇ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၉၈၁၄၀၀၀ဝ ကို ဩဂုတ် ၂၅ ရက်က ထောက်ပံ့ပေးပြီး ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)