နေပြည်တော် မတ် ၂၄
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အခမ်းအနားသို့ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ၊ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် လူပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပျဉ်းမနားမြို့ သုခဝိဟာရ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရမထေရ်မြတ်ထံမှ ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာတော်ဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကိတ္တိသာရထံ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးများအား ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ပူဇော်ကြသည်။
ချီးမြှင့်အပ်နှင်း
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီးက ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး နှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရ ဒေါက်တာမိုးမိုးသွယ်ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဦးမြင့်ဦးကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရကြသည့် ဒေါ်မာလာမျိုးစိန်နှင့် ဒေါ်ကလျာထင်လင်းကျော်တို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတော ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿမထေရ်မြတ်ထံမှ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
လှူဖွယ်ပစ္စည်းများ လောင်းလှူ
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ယနေ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များရရှိကြသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တစ်ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီး လေးပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ခြောက်ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးနှစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီးတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တစ်ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တစ်ဦး၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်နှစ်ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များကို နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်