Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးက ဆက်လက်ဆောင်ရွက်မည့် အမျိုးသားရေးကိစ္စများနှင့် လူငယ်အသိပညာပေးလုပ်ငန်းများတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်နိုင်သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များ အသိပညာဗဟုသုတပြည့်ဝရေးနှင့် ဗလငါးတန်ပြည့်ဝရေး၊ သတင်းတု၊ သတင်းမှားများအပေါ် စဉ်းစားသုံးသပ်ဆောင်ရွက်နိုင်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်