Skip to main content

(၁၁) ကြိမ်မြောက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့၏ ပထမအကြိမ် Resumed အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပ

 

နေပြည်တော်  စက်တင်ဘာ ၄

(၁၁)ကြိမ်မြောက် ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့၏ ပထမ အကြိမ် Resumed အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး နှင့် စပ်လျဉ်း၍ အစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက် အထိ လည်း ကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထွေထွေညီလာခံ အထူးအစည်းအဝေး (UNGASS) ၏ ပထမ အကြိမ်မြောက် Intersessional အစည်းအဝေးကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ လည်းကောင်း Virtual Format ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေး မှူး ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်တို့ တက်ရောက်ခဲ့ကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထွေထွေညီလာခံ အထူးအစည်းအဝေး (UNGASS) ၏ ပထမ အကြိမ် မြောက် Intersessional အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းအစီအမံများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့ ဆောင် ရွက်ချက်များ ခိုင်မာအားကောင်းစေရေး၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ အားကောင်း လာစေရေး၊ အပြန် အလှန်နည်းပညာ အကူအညီပေးအပ်နိုင်ရေး နှင့်အဂတိလိုက်စားမှုများကို တားဆီး ကာကွယ်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ ပိုင်ဆိုင်မှုများ ပြန်လည် ရယူရေးတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေးစသည်တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။ အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ အထူး အစည်း အဝေး ၂၀၂၁ (UNGASS- 2021) ကျင်းပ ပြီး ထုတ်ပြန်မည့် အဖွဲ့ဝင်နိုင်ငံအချို့ နှင့် စီးပွားရေးပေါင်းစည်းမှု အဖွဲ့ အစည်းများက ပြုစုရေးဆွဲထား သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ကြေညာစာတမ်း (Political Declaration) မူကြမ်းအပေါ် ဆွေးနွေးအကြံပြုကြသည်။

ကော်မရှင်သည် အဆိုပါ နိုင်ငံရေးကြေညာစာတမ်း မူကြမ်းပြုစု ရေးဆွဲခြင်းကို ကြိုဆို ကြောင်းနှင့်  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး နှင့် တိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး ကမ္ဘာလုံးဆိုင်ရာ ၂၀၃၀ ရေရှည် ဖွံဖြိုးတိုးတက်မှု အစီအစဉ်၊ ဖွံဖြိုး တိုးတက်မှု ပန်းတိုင်များ ( SDG ) နှင့် ချိန်ညှိပြီး ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP)ပါ ရည်မှန်းချက် ပန်းတိုင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ နှစ်အလိုက် ရှေ့လုပ်ငန်းအစီအစဉ်များနှင့် ဒေသတွင်းနှင့် ဒေသပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကိုဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)