Skip to main content

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ အောက်ဆီဂျင်ဆလင်ဒါများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၂၀

၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့်(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၁၂၁ ဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။        

ထောက်ပံ့ပေးအပ်

ဂုဏ်ပြုသွေးလှူဒါန်းကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှနကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်နှင့် ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိ မြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားကာ သွေးလှူရှင်များကို အာဟာရ ဖြည့်စွက်စာများနှင့် အားဆေးများထောက်ပံ့ပေးအပ်ကြသည်။

ကျေးဇူးတင်စကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ဆလင်ဒါများနှင့်ဆက်စပ်ပစ္စည်း အောက်ဆီဂျင်အိုး ၁၄၈ လုံး၊ Flow Meter ၁၅၅ ခု၊ Nasal Plane ၄၉ ခု၊ Face Mask ၆၅ ခု စုစုပေါင်း တန်ဖိုးငွေကျပ် ၅၀၀၃၈၅၀၀ အား ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။

သွေးလှူဒါန်းကြမည်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၁၂၁ ဦး တို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး မတ် ၂၁ ရက်တွင်လည်း နေပြည်တော် (ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၁၄၅ ဦးတို့က ဆက်လက်ဂုဏ်ပြုသွေးလှူဒါန်းကြမည်ဖြစ်ရာ စုစုပေါင်းသွေးလှူ ဒါန်းမှု ၂၆၆ ဦးရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်