မြဝတီ စက်တင်ဘာ ၃
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၇၇၂ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ယနေ့တွင် ဆက်လက် ဝင်ရောက်လာကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ က ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှု နှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက်မှ ၃ ရက်အထိ ၁၈၆၇ ဦး စုစုပေါင်း ၇၃၄၈၀ တို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူ များမှာ တိုင်းဒေသကြီး၊ ပြည်နယ် များမှ အမျိုးသား ၄၇၈ ဦး၊ အမျိုးသမီး ၂၉၄ ဦး စုစုပေါင်း ၇၇၂ ဦးဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)