Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP)၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Operation Officer) Mr.Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Operation Officer) Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်တို့သည် မြန်မာနိုင်ငံအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးတို့တက်ရောက်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်နှင့်အတူ WFP ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. John Aylieff၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson အပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme -WFP) မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

သတင်းစဉ်