နေပြည်တော် မတ် ၁၂
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် WFP အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်