Skip to main content

ဥပဒေအရာရှိအဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သရုပ်ပြတရားခွင် (MOCK TRIAL)ကျင်းပ

နေပြည်တော် မတ် ၁၁

ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား ၆၀ ကို တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့် ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနတို့ပူးပေါင်းပြီး တရားခွင် လက်တွေ့သရုပ်ပြသခြင်း(MOCK TRIAL)ကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လက်တွေ့သင်ကြားပို့ချ

သရုပ်ပြတရားခွင်တွင် ဥပဒေရေးရာဝန်ကြီးဌာနမှ အတွေ့အကြုံရင့်ကျက်ပြီးဖြစ်သည့် အဆင့်မြင့်ဥပဒေအရာရှိကြီးများက ပြစ်မှုတစ်ရပ်ကျူးလွန်ခြင်းမှစ၍ တရားခွင်တွင် အမှုစစ်ဆေးခြင်းအဆင့်ဆင့်ကို သရုပ်ပြသပြီး သင်တန်းသားများကို လက်တွေ့သင်ကြားပို့ချခဲ့ကြသည်။ သင်တန်း သာများကိုယ်တိုင် လေ့ကျင့်ဆောင်ရွက်သော သရုပ်ပြတရားခွင် (MOCK TRIAL) လေ့ကျင့်ပြိုင်ပွဲများလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြတရားခွင်သို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လေ့ကျင့်သင်ကြားရေးဌာနခွဲမှ တာဝန်ရှိသူများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ သင်တန်းဆရာ ဆရာမများ၊ သရုပ်ပြတရားခွင်တွင် ပါဝင်သရုပ်ဆောင်ကြသည့် အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်