တောင်ကြီး မတ် ၁၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက်ကတောင်ကြီး မြို့နယ်အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ပေးအပ်သည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းစင်တာ၌ သင်တန်းသားများသင်ကြား/ သင်ယူနေမှုများကို လှည့်လှည်ကြည့်ရှုသည်။
အဆိုပါသင်တန်းကို ဧပြီ ၇ ရက် ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသားသင်တန်းသူ ၂၀ တက်ရောက်သင်ကြားလျက်ရှိကာ အဆိုပါစင်တာ၌ဖွင့်လှစ်သည့် တတိယမြောက်သင်တန်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်