နေပြည်တော် မတ် ၇
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဋ္ဌမအကြိမ်မြောက် မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်သော ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဒုတိယဆုရရှိသည့် ဝန်ထမ်းရေးရာဦးစီးဌာနနှင့် တတိယဆုရရှိသည့် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတို့ကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်တတ်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ရရှိစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
