Skip to main content

အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် သင်တန်းသားအရာရှိများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဝန်ထမ်းများအား အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဝန်ထမ်းများနှင့် သင်တန်းသား အရာရှိများ တက်ရောက်ကြသည်။

အားနည်းချက်များ လျှော့ချနိုင်မည်

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပါတီစုံဒီမို ကရေစီစနစ် ကျင့်သုံးခြင်းဖြစ်သည့်အတွက် လွှတ်တော်တွင်း ပါတီအများစုမှ ကိုယ်စားလှယ်များ ပါဝင်မှသာ နိုင်ငံ့အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ အချိုးကျ ကိုယ်စားပြု စနစ် (PR) ကျင့်သုံးခြင်းဖြင့် FPTP စနစ်၏ အားနည်းချက်များကို အတိုင်းအတာတစ်ခုအထိ လျှော့ချ နိုင်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ တစ်ပါတီလွှမ်းမိုးကြီးစိုးမှုမရှိဘဲ ပါတီများအနေဖြင့် ရွေးကောက် ပွဲတွင်ရရှိသည့် ဆန္ဒမဲအချိုးအရ ကိုယ်စားလှယ်များရရှိပြီး လွှတ်တော်တွင်း ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုပါတီငယ်များ၏ ကိုယ်စား လှယ်များလည်း လွှတ်တော်သို့ဝင်ရောက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် များ၏ဆန္ဒ၊ အခွင့်အရေးလည်း ပိုမိုရရှိပြီး ဆန္ဒမဲများ အလဟဿ လေလွင့်ဆုံးရှုံးမှု လျော့ပါးသွား မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အချိုးကျကိုယ်စားပြု စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံရှိကြောင်း။

လေ့ကျင့်နေရန်လို

မြန်မာနိုင်ငံအနေဖြင့် ပထမ ဆုံးအကြိမ်အဖြစ် PR စနစ် ကျင့်သုံးမည်ဖြစ်ရာ ဝန်ထမ်း အားလုံးသည် အဆိုပါစနစ်နှင့်ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ဖြစ်နေရန် လိုအပ်သည့်အတွက် ထပ်ကာထပ်ကာ အကြိမ်ကြိမ် ဖတ်ရှုလေ့လာ လေ့ကျင့်မှလက်တွေ့ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လွယ်ကူမည်ဖြစ်ကြောင်း၊ ယနေ့ပို့ချချက်များနှင့် စပ်လျဉ်းပြီး သင်တန်းသားများ အပါအဝင် ဝန်ထမ်းများအားလုံးအနေဖြင့် အလေးအနက်ထားလေ့လာ မှတ်သားပြီးနောက် ရွေးကောက်ပွဲတိုင်သည်အထိ အကြိမ်ကြိမ် လေ့ကျင့်နေရန် လိုအပ်ကြောင်း ပြောကြားသည်။

မေးမြန်းဆွေးနွေး

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က အချိုးကျကိုယ်စား ပြုစနစ် (PR) နှင့် စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ သင်တန်းသား များနှင့် ဝန်ထမ်းများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

သတင်းစဉ်