နေပြည်တော် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ ၂၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ကယ်တင်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ၂၈၅ ဦးအား ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။
အဆိုပါ ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၈၅ ဦးတို့အား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအား ပေးစကားပြောကြားပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များအားနေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
