ရန်ကုန် ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၂၇) ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် သီရိမင်္ဂလာလမ်းရှိ မြို့တော်ဂေါက်ကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့တော်ဂေါက်ကွင်းအသင်းသား ဂေါက်သီးရိုက်အားကစားသမားများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေက နှုတ်ခွန်းဆက်စကားပြောကြားပြီး (၂၇) ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ် လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုး အစားအလိုက် ဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က ဆုများချီးမြှင့်ပေးအပ်ကြပြီး အသင်းသားများကို တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေသည်။
သတင်းစဉ်