Skip to main content

ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း အဆိုပါဖမ်းဆီးခံရသူများသည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က မံစီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA ၊ PDF အမည်ခံအကြမ်းဖက်သမားများ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဗန်းမော်မြို့သို့ ခေတ္တတိမ်းရှောင်လာသူများဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ၎င်းဂိတ်တွင် ဖမ်းဆီးမှုများရှိကြောင်း ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့် အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဗန်းမော်မြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မြို့အဝင်၊ အထွက်နေရာများကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်း အရပ်သား ၁၄ ယောက်ကို ဖမ်းဆီးထားသည်ဆိုသော သတင်းမှာလည်း မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

ဗန်းမော်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများပြားခြင်းကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများကို အတင်းအဓမ္မ လူသစ်စုဆောင်းလျက်ရှိသဖြင့် ဒေသခံလူငယ်များမှ နီးစပ်ရာ မြို့ကြီးများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် မိဘပြည်သူများ၊ လူငယ်လူရွယ်များ စိုးရိမ်ထိတ်လန့်စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းအမှားများကို ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။