Skip to main content

ပြည်မြို့၌ တည်းခိုနေသည့် ရခိုင်တိုင်းရင်းသားများ ၂ဝ ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ တည်းခိုခန်းများတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဧည့်စာရင်းစစ်ဆေးပြီး ရခိုင်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း အထင်အမြင်လွဲမှားဖွယ် ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရခိုင်တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သူ ၂၀ ကျော်ကို ဖမ်းဆီးသည်မှာ မှန်ကန်မှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှုမရှိစေရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ အထင်အမြင်လွဲမှားစေရန်အတွက် ကောလာဟလသတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။