နေပြည်တော် ဖေဖော်ဝါရီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကအစိုးရ၏ လက်ရှိအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အသိပညာများကို ထိရောက်စွာအသုံး ပြုလျက်ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များရှုထောင့်မှ အထောက်အကူပြု ပံ့ပိုးနိုင်ရေးတို့ကို တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များကအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
သတင်းစဉ်
