နေပြည်တော် ဖေဖော်ဝါရီလ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲနေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောလင်းမြို့ရှိ ကျေးရွာများကိုမီးရှို့ရန်စေခိုင်းသည့် အသံဖိုင်တစ်ခုထွက်ပေါ်လာကြောင်း၊ အဆိုပါအသံဖိုင်တွင် ဆေးမင်းခုံကျေးရွာအားမီးရှို့ရန် လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးမှ ဆက်သွယ်ရေးစကားပြောစက်ဖြင့် အမိန့်ပေးစေခိုင်းသည့်ပုံစံမျိုး ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံထားသည့် အသံဖိုင်တစ်ခုကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကောလင်းမြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းအသံဖိုင်သည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံဖန်တီးထားသည့် အသံဖိုင်သာဖြစ်ကြောင်း KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့တွင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ကောလင်းမြို့တွင်း၌ မိုင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း သတင်းရရှိပါသည်။