Skip to main content

ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ၃ ရက်အတွင်း ဒေသခံ အမျိုးသား ၂၀ ကျော်ဖမ်းဆီးခံထားရကြောင်း ကောလာဟလသတင်း အမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ ၃ ရက်တာအတွင်း ည ၈ နာရီနောက်ပိုင်း အပြင်မှာတွေ့ရှိသည့် လူငယ်လူရွယ် အမျိုးသား ၂၀ ဦးကျော်ကို ကျေးရွာထိပ်တွင် ကင်းပုန်းချထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါလူငယ်များကို စစ်သင်တန်းပေးမည်ဟု ကောလာဟလသတင်းအမှားများကို လူငယ်လူရွယ်များနှင့် မိဘပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာအချို့က လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ၎င်းနေ့ရက်များတွင် ငရုပ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာနှင့် အနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ခဲ့ခြင်းသာရှိပြီး လူငယ်လူရွယ်များကို ဖမ်းဆီးခြင်း မရှိပါကြောင်း သိရှိရပါသည်။

ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက လူငယ်လူရွယ်များ၊ မိဘပြည်သူများကို စိုးရိမ်ထိတ်လန့်စေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက စစ်မှုထမ်းရန်အတွက် လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများကြောင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ လူငယ်လူရွယ်များက ဝင်ရောက်လာစေရေးအတွက် စည်းရုံးသိမ်းသွင်းနေသည့် ဝါဒဖြန့်သတင်းများသာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလသတင်းများကို မိဘပြည်သူများနှင့် လူငယ်လူရွယ်များ ထင်ယောင်ထင်မှားမဖြစ်စေရန်နှင့် သိရှိနားလည်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို နိုင်ငံပိုင်သတင်းမီဒီယာများမှတဆင့် ထုတ်ပြန်ကြေငြာလျက်ရှိကြောင်း သတင်းရရှိပါသည်။