Skip to main content

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) လူမှုရေးရာလုပ်ငန်းအဖွဲ့နှင့် အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တပို့တွဲလ ထမနဲအလှူမင်္ဂလာအခမ်းအနား ကျင်းပ

​ရန်ကုန် ဖေ​ဖော်ဝါရီ ၁၈

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) လူမှုရေးရာလုပ်ငန်းအဖွဲ့နှင့် အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တပို့တွဲလ ထမနဲအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံစေတီတော် အနောက်ဘက်မုခ်၌ ထမနဲထိုးခြင်း၊ ဆွမ်းတော်ကပ်ခြင်း၊ ဘုရားဖူးပြည်သူများအားလှူဒါန်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

တက်ရောက်

အခမ်းအနားသို့ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောမတ်စ်၊ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးခင်ဝေ၊ ရန်ကုန်တိုင်း​ဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဦးအောင်မျိုးသန့် (လူမှုရေး အထောက်အကူပြုအဖွဲ့-ဥက္ကဋ္ဌ)၊ ဒေါ်ခင်မြသွေး (အမျိုးသမီးရေးရာ အထောက်အကူပြုအဖွဲ့-ဥက္ကဋ္ဌ)၊ ဦးလှကြူ(ဘဏ္ဍာရေးမှူး-ဗဟို)၊ ဦးတင်ကိုကို(ဗဟိုအလုပ်အမှုဆောင်)၊ ဒေါ်မြင့်မြင့်ရီ (အမျိုးသမီးရေးရာ-ဘဏ္ဍာရေးမှူး)၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်း​ဒေသကြီးနှင့် ခရိုင်များမှ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်