နေပြည်တော် ဖေဖော်ဝါရီ ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ တရားမဝင်အခြားသစ် ၀ ဒသမ ၂၂၀ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၈၀ ကို သစ်တောဥပဒေအရလည်းကောင်း၊ မကွေးမြို့အဝင်ဂိတ်၌ လိုင်စင်မဲ့ Yamaha 15 မော်တော်ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀ နှင့် ဧရာဝတီတံတား စစ်ဆေးရေးဂိတ်၌လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀ တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းတုန်းမြို့နယ်၌ တရားမဝင်စက်သုံးဆီဓာတ်ဆီ ၅၆ ဂါလန် ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀ နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Sha-yang 110 မော်တော်ဆိုင်ကယ်တစ်စီး၊ Luojia 110 မော်တော်ဆိုင်ကယ်တစ်စီးနှင့် New Zhineng 125 မော်တော်ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀ တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မကွေးမြို့အဝင်ဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀ ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်မြို့ ရုံးရပ်ကွက်ကမ်းနားလမ်းနှင့် စိန့်မေရီလမ်းထောင့်၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၂၇၇၂ ဂါလန် နှင့် ဒီဇယ်ဆီဂါလန် ၄၂၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉၉၂၃၂၀ ၊ Paraffin Liquit တံဆိပ်ပါပလတ်စတစ် ပီပါခွံရှစ်လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀ နှင့် အဆိုပါစက်သုံးဆီများတင်ဆောင်လာသည့် Hino Ranger Truck တစ်စီးနှင့် Nissan Condro Truck တစ်စီးခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀ ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၃၄၉၃၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ ကျားစီးရှူးဖိနပ်အရန် ၂၃၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၃၀၀၀၀ နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် HOWO A7 Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၈၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဖေဖော်ဝါရီ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တီရှပ်အင်္ကျီ ၂၇၈ ထည်၊ Latte ခေါင်းလျှော်ရည် ၂၂၄ ဘူးအပါအဝင် ကုန်ပစ္စည်း ၁၃၉ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၈၁၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာကေတမြို့နယ် အမှတ်(၂)ရပ်ကွက်၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀ ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်(၂၆)ရပ်ကွက် ပင်လုံလမ်းမအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၂၅၅ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၇၂၀၀ ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၇၂၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၃၀၄၅၀၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်