Skip to main content

ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) ရှိ အဘိုး၊ အဘွားများအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၇

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်) ရှိ အဘိုး၊ အဘွားများအတွက် အလှူ ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီရုံး၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးက စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) ရှိ အဘိုး၊ အဘွား များအား ပြုစုစောင့်ရှောက်ပေးနေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဘိုး၊ အဘွားများအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာတာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။ (ယာပုံ) ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဘိုး၊ အဘွားများ၏ ထမင်းစားဆောင်၊ အိပ်ဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်