၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅
“နိုင်ငံတော်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်လို့ တပ်မတော်အင်အားတောင့်တင်းခိုင်မာလာပြီး ပြည်သူတွေ ကာကွယ်ရေးအသိအမြင်တိုးသွားမှာကို ပြည်ပအားကိုး ပြည်ဖျက်မီဒီယာတွေက အလွန်စိုးရိမ်ထိတ်လန့်နေကြတာပဲဖြစ်ပါတယ်။ ဥပဒေရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ကာကွယ်ရေးအင်အားခိုင်မာဖို့၊ မျိုးချစ်စိတ်ဓာတ်ခိုင်မာဖို့စတဲ့ ပုံရိပ်ကောင်းတွေကိုဖျက်ဆီးပြီး မကောင်းတဲ့ဥပဒေအဖြစ် မြင်အောင်နည်းလမ်းမျိုးစုံနဲ့ ပုံဖော်နေတာပဲဖြစ်ပါတယ်။ တစ်ဖက်လှည့်အနေနဲ့လည်း အတွေးမှား၊ အမြင်မှားတဲ့လူငယ်တွေကို အနောက်နိုင်ငံများရဲ့ ပေးစာကမ်းစာယူထားတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့နဲ့သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့တွေဘက်ရောက်အောင် ဒေါ်လာစားမီဒီယာအမည်ခံအဖွဲ့တွေက လမ်းမှားကိုတွန်းပို့နေတာပဲဖြစ်ကြောင်း” အသိပေးအပ်ပါသည်။