Skip to main content

အငြိမ်းစားယူထားတဲ့ စစ်သားတွေ စစ်မှုပြန်ထမ်းရမယ့်ဥပဒေကို အသက်သွင်းနေကြောင်း လှုံ့ဆော်ဝါဒဖြန့် ရေးသားဖြန့်ဝေလျက်ရှိ

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅

ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ် (၁) ကို စစ်မှုထမ်းရန် အကျုံးဝင်သူအင်အား ၅,၀၀၀ ဦးဖြင့် စတင်မှာဖြစ်ပြီး သင်တန်းကာလပြီးဆုံးပြီး တာဝန်စတင်ထမ်းဆောင်ဖို့ကိုလည်း မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေမှာသာ သတ်မှတ်ထားတဲ့ကာလအထိ တာဝန်ထမ်းဆောင်သွားရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကိုကာကွယ်မည့် တပ်မတော်ကြီးအင်အားတောင့်တင်းပြီး စွမ်းရည်ရှိလာမှာကိုစိုးရိမ်ကြောက်ရွံ့နေတဲ့ အဖွဲ့အစည်းတွေ၊ ပြည်ဖျက် မီဒီယာများကတော့ သွေးထိုးလှုံ့ဆော်နေမှာပဲဖြစ်တာကြောင့် အထူးသတိထားဖို့ လိုအပ်ကြောင်းအသိပေးအပ်ပါသည်။