၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၅
“ပြည်သူလူထုအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမှာကို အရမ်းစိုးရိမ်နေစရာမလိုအပ်ပါဘူး။ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက စစ်မှုထမ်းဆောင်မှုနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် တမင်ဖန်တီးပြီးလူငယ်၊ လူရွယ်တွေသူတို့လို အကြမ်းဖက်သမားဘဝမျိုးကို ရောက်ရှိအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တစ်နှစ်ကိုလူဦးရေ ငါးသောင်းထက်ပိုပြီး ခေါ်နိုင်စရာအကြောင်းမရှိတဲ့အတွက် လူတိုင်းတပြိုင်တည်း ထမ်းဆောင်ရမှာမဟုတ်ဘဲ အကျုံးဝင်သူများအနေနဲ့ ဆေးစစ်ခံယူပြီးအောင်မြင်မှသာ အလှည့်ကျတာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ တရားမဲ့ပြုကျင့်မှာမဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေများ စနစ်တကျထုတ်ပြန်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ အစိုးရိမ်မလွန်ဖို့ လိုအပ်ပါတယ်။ တစ်ချို့ပြည်ဖျက်မီဒီယာတွေပြောသလို လူငယ်တွေကို ဖမ်းဆီးတာတွေ၊ ခြိမ်းခြောက်တာတွေလုပ်ပြီး စစ်မှုထမ်းဆောင်ခိုင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပြည်တွင်းပြည်ပလေကြောင်းလိုင်းတွေလည်း ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။