၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅
“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံအများအပြားမှာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ခုနှစ်ထဲမှာ ပြဌာန်းထားပြီး ယခုမှသာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာ အမြဲတမ်းတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များကို ပုံမှန်ထမ်းဆောင်နေမြဲဖြစ်ပါတယ်။ ဒီစစ်မှုထမ်း ဥပဒေပြဌာန်းရခြင်းဟာလည်း အနာဂတ်မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲဖို့အတွက်ဖြစ်တာကြောင့် မိမိနိုင်ငံကိုမိမိအင်အား တောင့်တင်းခိုင်မာစွာနဲ့ ကာကွယ်နိုင်တဲ့လုံခြုံရေး၊ ကာကွယ်ရေးစနစ်ကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်ခြင်းပဲဖြစ်ကြောင်း” အသိပေးအပ်ပါသည်။