Skip to main content

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ သွေးထိုးလှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅

ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၆ အရ အစိုးရအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ပုဒ်မ ၇(က)အရ အဆိုပါဗဟိုအဖွဲ့က တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ခရိုင်အဖွဲ့နဲ့ မြို့နယ်အဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆင့်ခေါ်ရာမှာလည်း လိုအပ်သည့်အင်အားကိုသာ လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများဆောင်ရွက်ပြီး စစ်မှုထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ အလှည့်ကျသတ်မှတ်ကာလအတိုင်း စစ်မှုထမ်းရမှာဖြစ်တာကြောင့် လူငယ်များအနေနဲ့စိုးရိမ်စရာမရှိပါဘူး။ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၁၂ အရလည်း စစ်မှုထမ်းခြင်းကနေ ကာလတစ်ခုအထိရွှေ့ဆိုင်းပေးဖို့ တင်ပြနိုင်တာကြောင့် ရွေးချယ်စရာရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ဆောင်ရွက်ရသောအလုပ်များ ပြီးပြတ်ပြီး အသင့်ဖြစ်တဲ့အချိန်မှသာ လျှောက်ထားတာဝန်ထမ်းဆောင်နိုင်ပါတယ်။ အကြမ်းဖက် PDF အဖွဲ့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အကြမ်းဖက် PDF အဖွဲ့ထဲကို ဝင်မယ်ဆိုရင် အကြမ်းဖက်သောင်းကျန်းသူအဖြစ်နဲ့ မိမိတို့ရဲ့ အနာဂတ်နဲ့မျိုးရိုးစဉ်ဆက် ဂုဏ်သိက္ခာနဲ့ဘဝများ ထိခိုက်ပျက်စီးမှာပဲဖြစ်ကြောင်း အသိပေးအပ်ပါသည်။