Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များ လှူဒါန်း

ရန်ကုန် ဖေဖော်ဝါရီ ၁၅

ကျေးရွာနှင့်ရပ်ကွက်များရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့် တိုက်များ ဖောင်ဒေးရှင်းသို့ အလှူရှင်များက သုတရသစာအုပ် ၁၆၀ ကို ယနေ့မွန်းတည့် ၁၂ နာရီက လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။

ယနေ့လှူဒါန်းသောစာအုပ်များမှာ တောင်ကြီးကောလိပ် (၁၉၆၁-၁၉၇၅) ငွေရတုသဘင် အာစရိယ ပူဇော်ပွဲအထိမ်းအမှတ် မဂ္ဂဇင်းစာအုပ် ၆၀၊ တန်ဖိုး ငွေကျပ် ၁၂ သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းက ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်းစာအုပ် ၁၀၀၊ တန်ဖိုး ငွေကျပ် ၃၅၀၀၀၀ တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ အလှူငွေနှင့် စာအုပ်များ လှူဒါန်းလိုပါက အတွင်းရေးမှူး ဖုန်း ၀၉၅၁၄၂၅၆၄၊ ရုံးအဖွဲ့မှူး ဖုန်း ၀၉၄၂၀၇၀၀၃၂၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်