Skip to main content

ဥပဒေရေးရာ အသိပညာပေးဟော‌ပြောပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

ဥပဒေရေးရာအသိပညာပေးဟော‌ပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာ စိုးစိုးအောင်က ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကား ပြောကြားသည်။

အသိပညာပေးဟော‌ပြော

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွေးက ပြစ်မှုဆိုင်ရာသိကောင်းစရာ အသိပညာပေးဟော‌ပြောသည်။

အဆိုပါ ‌ဟောပြောပွဲသို့ Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာ စိုးစိုးအောင်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်