နေပြည်တော် ဖေဖော်ဝါရီ ၁၅
“ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ခဲ့မှုအပေါ်မှာ အဆိုးမြင်ဝါဒနဲ့ ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပျက်ပြားအောင် လုပ်ဆောင်နေတာတွေ ပြည်သူလူထုကြားထဲမှာ ဝေဖန်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေရှိအောင် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဥပဒေအခန်း ၃ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ၁၃-၂-၂၀၂၄ ရက်မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၁၄-၂-၂၀၂၄ ရက်မှာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ထပ်မံဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့အဖွဲ့များ ထပ်မံဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ၎င်းအဖွဲ့တွေကတစ်ဆင့် ဆောင်ရွက်ရာမှာလည်း ဆောင်ရွက်ရမယ့်လုပ်ငန်းအဆင့်ဆင့်နဲ့ တာဝန်ထမ်းဆောင်ဖို့၊ ကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်ပေးနိုင်တာတွေကိုလည်း ပြည့်စုံစွာ ဖော်ပြထားရှိပြီးဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုမရှိဘဲ စနစ်တကျ စီမံဆောင်ရွက်သွားမှာပဲဖြစ်ကြောင်း” အသိပေးအပ်ပါသည်။