Skip to main content

စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသား၊ အမျိုးသမီးများအား ဆင့်ခေါ်ပြီးနောက် ရှေ့တန်းပို့ဆောင်မည်ဟု လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

“တချို့သောပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်အဖွဲ့တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် စစ်မှုထမ်းဟောင်းများအားလုံးပါ သေနတ်ကိုင်ပြီး ချက်ချင်းရှေ့တန်းထွက်ရမလို ပြောဆိုနေကြတာရှိပါတယ်။ Professional စစ်သားတစ်ယောက်လို၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တဲ့သူတွေလို စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေးပညာကို အပြည့်အဝသင်ကြားပြီးမှ ပေးအပ်တဲ့တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ စစ်တိုက်ဖို့တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် မိမိတို့ကျွမ်းကျင်တဲ့ သက်ဆိုင်ရာကဏ္ဍများကနေ နိုင်ငံနဲ့ပြည်သူကို ကာကွယ်နိုင်ဖို့ပဲဖြစ်ကြောင်း” အသိပေးအပ်ပါသည်။