Skip to main content

စစ်မှုမထမ်းဆောင်လိုသောကြောင့် လူငယ်တစ်ချို့ တိမ်းရှောင်နေကြောင်း သွေးထိုးလှုံ့ဆော် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

“မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ရေးပညာတတ်သွားမှာ၊ နိုင်ငံတော်ကိုကာကွယ်ရင်းနဲ့ စည်းလုံးညီညွတ်မှုရှိသွားမှာ၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်လာမှာကို သူတို့အလွန်အမင်း စိုးရိမ်နေပြီးတော့ ဒီလိုဥပဒေပြဋ္ဌာန်းလာမှုအပေါ် သွေးခွဲခြိမ်းခြောက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့ မြန်မာနိုင်ငံအပေါ် အလုံးစုံပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွေးထိုးလှုံ့ဆော်လျက်ရှိပါတယ်။ ယခု ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချိန်မှာလည်း ပြည်သူလူထုက ပြောကြားခြင်းမရှိသည့် အကြောင်းအရာများကို လုပ်ကြံဇာတ်လမ်းထွင်ပြီး သွေးထိုးလှုံ့ဆော်နေတာဖြစ်ကြောင်း” အသိပေးအပ်ပါသည်။