Skip to main content

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၂၇၅၇ ဒသမ ၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၃ ရက်

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၁၅း၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအုပ်စု၊ ပွဲကောက်ကျေးရွာအနီးတွင် နန်းဝင်းကျော်မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၂၉၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၈း၄၅ အချိန် ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် ထိန်လင်းအောင်(ခ)ရန်ပီဖူးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၀၈း၁၅ အချိန် မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် လီရှင်းဖင်(ခ)ထွန်းထွန်းအား BORGWARD အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ်နှင့် လီရှင်းဖင်(ခ)ထွန်းထွန်း(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။