Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာရာသီမရွေး ရေလုံလောက်စွာ အသုံးပြုနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ ၈

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ ရာသီမရွေးရေလုံလောက်စွာရရှိရေး အေးသာယာမြို့ရှိ သစ်ပင်ထောင် ရေထွက်ရှိရာနေရာမှ သင်တန်း စင်တာသို့ ရေသွယ်တန်းနိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် အေးသာယာမြို့ အမှတ်(၂)ရပ်ကွက် သစ်ပင်ထောင်ရေထွက် ရှိရာနေရာအားသွားရောက် ကြည့်ရှုစစ်ဆေးစဉ် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာအတွက် သစ်ပင်ထောင် ရေထွက်ဧရိယာ နေရာတွင် ဂါလန် ၅၀၀၀ ဆံ့ရေစုကန် တည်ဆောက်သွားရေး၊ ရေတင်မော်တာ စက်တပ်ဆင်သွားရေး၊ သစ်ပင်ထောင်ရေထွက် နေရာမှ သင်တန်းစင်တာသို့ ရေပိုက်လိုင်းများ သွယ်တန်းရေးနှင့် လျှပ်စစ်မီးတပ်ဆင်သွယ်တန်းရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်