Skip to main content

မြောင်းမြမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

နေပြည်တော် ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြောင်းမြမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၁၁၄ ခုမှ ပြည်သူ ၆၁၅ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးကြကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာ ခြင်း အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်