နေပြည်တော် ဖေဖော်ဝါရီ ၅
လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးအောင်ကိုသည် ၎င်း၏ခန့်အပ်လွှာကို ယနေ့တွင် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အမျိုးသားလွှတ်တော်၌ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတသောင်းလွန်း စီဆိုလစ်ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်