မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ပုဒ် ၅ ခု ရွေးချယ်မည်ဖြစ်ပါ၍ အောက်ပါ သတ်မှတ် ချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်-
(က) တစ်ဦးလျှင် ဆောင်ပုဒ် ၂ ခု ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
( ခ ) ဆောင်ပုဒ် ၁ ခု ချင်းစီအား မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ယှဉ်ပြိုင်ရမည်။
( ဂ ) မြန်မာဘာသာအတွက် Font size - 13, Pyidaungsu Font ဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာအတွက် Font size- 13, Pyidaungsu Font ဖြင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
(ဃ) ပြိုင်ပွဲဝင် ဆောင်ပုဒ်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပေးပို့ယှဉ်ပြိုင်ရမည်။
( င ) ဆောင်ပုဒ်များကို Fax ၀၆၇၃ - ၄၀၁၇၄၈ နှင့် Email - ccdac.mm@gmail.com သို့ ပေးပို့ရမည်။
( စ ) ဆောင်ပုဒ်ယှဉ်ပြိုင်သူများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ ပြည့်စုံစွာပါရှိရမည်။
မှတ်ချက်။ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူအားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင် ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။