Skip to main content

ဘီးလင်းမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများတူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီလ ၂၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများတူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ ဘီးလင်းမြို့အတွင်း ဌာနဆိုင်ရာရုံးများကို ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် အများပြည်သူစိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ကောလာဟလသတင်းတုဖြန့်ဝေရေးသားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုပျက်စီးစေရန်၊ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။