Skip to main content

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မောင်တောခရိုင်ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့မှုများဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင် ပြည်နယ်အတွင်းရှိ IDP တိုက်ပွဲရှောင် စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စု များအား စားသောက်ကုန်ငါးမျိုး ဝယ်ယူရန် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၁ ရက်တွင် Virtual Meeting ဖြင့် ကျင်းပ ခဲ့သည်။

အဆိုပါ CERP အစီအစဉ်အရ မောင်တောခရိုင် ဘူးသီးတောင် မြို့နယ်အတွင်းရှိ စေတီတောင်ရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု ၆၂၄ စု၊ ခွဆုံရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု ၃၁၀၊ ဒုံးသိမ်ဓမ္မာရုံမှ အိမ်ထောင်စု ၁၁ စု၊ ရန်အောင်မြေ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု ၁၇၁ စု၊ လမ်းမဘုန်းကြီးကျောင်းမှ အိမ်ထောင်စု ၅၅၄ စု၊ ဂန္ဓာရီတောရ ပရဟိတ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု ၆၉ စု၊ မြတောင် ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု ၂၀၅ စု၊ မြောင်းနား တိုက်ပွဲရှောင် စခန်းမှ အိမ်ထောင်စု ၈၂ စု၊ အောင်ပရွာမှ အိမ်ထောင်စု ၂၅ စု စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ် ကိုးခုရှိ စုစုပေါင်း အိမ်ထောင်စု ၂၀၅၁ စုတို့ အတွက် စားသောက်ကုန်ငါးမျိုး ဝယ်ယူရန် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၈၂၀၄၀၀၀ဝ ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မောင်တောခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့က ထောက်ပံ့ခဲ့ကြောင်း၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် ကျောက်ဖြူခရိုင်များရှိ IDP နှင့် တိုက်ပွဲရှောင်အိမ်ထောင်စုများကိုလည်း ထောက်ပံ့ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်