Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအစီအစဉ် ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းများ ထုတ်ပြန်သည့် အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်း၊ ကြေညာခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က သတင်း မီဒီယာအဖွဲ့များ၏ မေးမြန်းမှုများကို ပြန်လည် ရှင်းလင်း ဖြေကြားသည်။ ယနေ့သတင်းထုတ် ပြန်ရေးအစီအစဉ်သို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ ၂၇ ဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်