Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီသော ဠသမအစည်းအဝေးနှင့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၂၅

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သောဠသမအစည်းအဝေးကို ၁၃၈၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၆၊ ၇၊ ၈၊ ၉) ရက်၊ ၂၀၂၄-ခုနှစ်၊ မတ်လ(၁၊ ၂၊ ၃၊ ၄) ရက်၊ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၀၊ ၁၁)ရက်၊ ၂၀၂၄-ခုနှစ်၊ မတ်လ (၅၊ ၆) ရက်၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၅) ရက်၊ ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်၊ ကြာသပတေးနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန်နှင့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးကို ၁၃၈၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃၊ ၁၄)၊တပေါင်းလဆန်း(၁)ရက်၊ ၂၀၂၄-ခုနှစ်၊ မတ်လ(၈၊ ၉၊ ၁၀) ရက်၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများသည် ၁၃၈၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၂)ရက်၊ ၂၀၂၄-ခုနှစ်၊ မတ်လ(၇)ရက်၊ ကြာသပတေးနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်ပါသည်။

ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အဆိုပါနေ့ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်