Skip to main content

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Cargo လေယာဉ်အား ကြိုဆိုခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Boeing 737-800 Freighter လေယာဉ်အား ကြိုဆိုသည့်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။

လေယာဉ်အမှတ် 9M-WCA Cargo လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူများက ကြိုဆိုပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်သည်။

၂၂ တန်ခန့် သယ်ဆောင်နိုင်

အဆိုပါလေယာဉ်ကို မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး တန်ချိန်အားဖြင့် ၂၂ တန်ခန့် သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များလည်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ Boeing 737-800 Freighter လေယာဉ်အမှတ် 9M-WAC သည် ရန်ကုန်မြို့မှ အခြေပြု၍ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင်ပျံသန်းပို့ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

သတင်းစဉ်