Skip to main content

မွန်ပြည်နယ်၊ ရေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် အပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရ ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေး သားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီလ ၂၄

မွန်ပြည်နယ်၊ ရေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံ ၅ ဦးကို ဇန်နဝါရီ ၂၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ မည်သူ့ကိုမျှ ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် လုပ်ကြံရေးသားကာ ပြည်သူများအားကြောက်ရွံ့ ထိတ်လန့်လာစေရန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။