Skip to main content

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ် ၈၃ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်းတန် ၃၂ ဒသမ ၄၆၃၀၊ သစ်မာ ၁၆ ဒသမ ၄၂၁၄ တန်၊ အခြား ၃၄ ဒသမ ၄၁၄၆ တန် စုစုပေါင်းတန် ၈၃ ဒသမ ၂၉၉၀၊ ယာဉ်/ ယန္တရား ၁၀ စီး၊ တရားခံ ၁၈ ဦး ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်