Skip to main content

ဗန်းမော်၊ တာချီလိတ်နှင့် သာစည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီတွင် ဗန်းမော်မြို့ နောင်ခိုရပ်ကွက်ရှိ ရေဆိပ်၌ တာပိန်ချောင်းအတိုင်း ဖိုးထောင် (ခ) ကျော်ထက်နိုင်မောင်းနှင်ပြီး မစန်းစန်းမော်နှင့် မချိုချိုစန်းတို့ လိုက်ပါလာသည့် သစ်သားစက်လှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း။

ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီတွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် လော်ထူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ စစ်ဆေးချက်အရ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ ည ၉ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

သတင်းစဉ်