Skip to main content

အင်းလေး၊ ရွာငံမြို့မနှင့် ပင်းတယမြို့တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ ရွာငံမြို့မနှင့် ပင်းတယမြို့တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်သုံးမျိုးနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်သုံးမျိုးနှင့် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ဒုတိယတိုင်းမှူးက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်