Skip to main content

ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

ဗုဒ္ဓဘာသာဝင်များ ယုံကြည်သက်ဝင်ကိုးကွယ်ပူဇော်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖြိုချဖျက်ဆီးပြီး ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ထားသည့် ရတနာပစ္စည်းများအား ယူဆောင်သွားသည်ကို တွေ့ရှိရသည်။

ယခုကဲ့သို့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာ၊ သာသနာအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းက လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း